ကမ္ဘာကြီးပေါ်မှာ လေထုညစ်ညမ်းမှု၊ရေထု
ညစ်ညမ်းမှုအစရှိတဲ့ ညစ်ညမ်းမှုတွေပိုပြီး
များလာတဲ့အတွက် လူ့ခန္ဓာကိုယ်ကိုလည်း
အနည်းနဲ့အများထိခိုက်မှုရှိစေကာအဆိပ်
အတောက်တွေဖြစ်ပေါ်လာပြီး ကျန်းမာရေး
ကိုထိခိုက်လာစေနိုင်ပါတယ်။ဒါကြောင့်
အဆိုပါအဆိပ်အတောက်တွေ ခန္ဓာကိုယ်မှ
ကင်းစင်ရှင်းလင်းသွားအောင်တတ်နိုင်သမျှ
ဖယ်ရှားပေးဖို့လိုပါတယ်။ဆေးဝါး၊စက်ကိရိ
ယာအကူအညီမယူဘဲ အပြောင်းအလဲလေး
အနည်းငယ်မျှလုပ်ပေးရုံနဲ့ ကျန်းမာတဲ့ခန္ဓာ
ကိုယ်ကိုပိုင်ဆိုင်နိုင်မှာပါ။
1.အရက်လျှော့သောက်ပါ
အရက်ဟာကြီးမားတဲ့ အဆိပ်ရန်သူ
တစ်ပါးပါ။တတ်နိုင်သမျှ လျှော့သောက်ပါ။
လူမှုရေးအရသောက်ရမယ်ဆိုရင်လည်း
ရေနဲ့များများရောပြီးသောက်ပါ။
2.ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်တတ်ပါက ဆေးလိပ်
ဖြတ်နိုင်အောင်ကြိုးပမ်းပါ။ဆေးလိပ်ကြောင့်
ကျန်းမာရေးများစွာထိခိုက်လာစေနိုင်ပါတယ်။
ဆေးလိပ်မသောက်တတ်ပါက ဆေးလိပ်
သောက်သူတွေနဲ့ အနီးအနားမှာကြာကြာ
မနေပါနဲ့။
3. လက်ဖက်ရည်၊ကော်ဖီဖြတ်ပါ
ကဖင်းစွဲလမ်းခြင်းကြောင့်ဖြစ်ပေါ်
လာတဲ့ခေါင်းကိုက်ခြင်းနဲ့တခြားပြဿနာ
တွေကိုရှောင်ရှားဖို့အတွက် လက်ဖက်ရည်၊
ကော်ဖီကိုဖြည်းဖြည်းချင်းဖြတ်ပါ။အရင်ဆုံး
တနေ့တခွက်လောက်သာသောက်ပါ။ကဖင်း
ဓာတ်မပါတဲ့ အရည်တွေကိုအစားထိုးသောက်
ပါ။
4.ရေသောက်ပါ
တနေ့ကိုရေများစွာသောက်တဲ့
အကျင့်လုပ်ပါ။ခန္ဓာကိုယ်စနစ်တွေကိုသန့်စင်
ပေးကာ အဆိပ်အတောက်တွေကိုဖယ်ရှား
ပေးပါတယ်။ဒါ့အပြင် ကိုယ်အလေးချိန်လျှော့
ချလိုသူဖြစ်ပါကလည်းရေများစွာသောက်ခြင်း
ကဗိုက်မဆာအောင်ထိန်းထားပေးနိုင်ပါတယ။်
5.အစားအစာသတိထားပါ
အလွန်အမင်းပြုပြင်ထားတဲ့အစာ
တွေနဲ့ သရေစာတွေမှာ အဆိပ်အတောက်
ဖြစ်စေနိုင်တဲ့အရာတွေများစွာပါရှိပါတယ်။
လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊သစ်သီးဝလံ
များစွာစားပေးပါ။အဆီအအိမ့်၊ဆားနဲ့ သကြား
လျှော့စားပါ။
6.သစ်သီးဖျော်ရည်သောက်ပါ
ပန်းသီးဖျော်ရည်၊မုန်လာဥဖျော်ရည်
သံပုရာသီးဖျော်ရည်စသဖြင့် သန့်ရှင်းလတ်
ဆတ်ပြီး စိတ်ကြည်လင်လန်းဆန်းစေကာ
အာဟာရပြည့်ဝတဲ့ ဟင်းသီးဟင်းရွက်နဲ့
သစ်သီးဝလံဖျော်ရည်စစ်စစ်တွေကို မနက်ခင်း
နဲ့နေ့လယ်ပိုင်းအဆာပြေသောက်ပေးနိုင်ပါ
တယ်။ဒီသစ်သီးဝလံဖျော်ရည်တွေကခန္ဓာ
ကိုယ်ကိုသန့်စင်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။
7.ကိုယ်ကာယလေ့ကျင့်ပါ
ရွရွပြေးခြင်း၊စက်ဘီးစီခြင်း၊ရေကူး
ခြင်း၊လမ်းလျှောက်ခြင်း၊ကခုန်ခြင်းစသဖြင့်
လှုပ်လှုပ်ရှားရှားပြုလုပ်နေတဲ့လေ့ကျင်ခန်း
တွေဟာ သားနံရည်စီးဆင်းမှုကိုကောင်းမွန်
စေပါတယ်။တနေ့တာမှာတတ်နိုင်သမျှ
လှုပ်လှုပ်ရှားရှားနေပေးပါ။ဓာတ်လှေကား
အစား လှေကားအသုံးပြုပါ။ဟိုနားဒီနားသွား
ရင်ကားမစီးဘဲလမ်းလျှောက်ခြင်း၊အိမ်အလုပ်
ကူလုပ်ခြင်းစသဖြင့်ပေါ့။တနေ့မှာ မိနစ်၂၀မျှ
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခြင်းဖြင့်ခန္ဓာ
ကိုယ်ကို အဆိပ်အတောက်ရန်မှကင်း
ဝေးစေနိုင်ပါတယ်။
8.အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ
အသက်ကိုပြင်းပြင်းနဲ့ဖြည်းဖြည်း
ရှူသွင်း၊ရှူထုတ်ပြုလုပ်ပါ။တနေ့ကို၁၀မိနစ်
လောက်အချိန်ပေးကာ အသက်ကိုခပ်
ဖြည်းဖြည်းနဲ့ပြင်းပြင်း စည်းချက်ညီညီရှူသွင်း
ရှူထုတ်ပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်ရှိဆဲလ်
တိုင်းအောက်ဆီဂျင်များစွာပိုမိုရရှိလာနိုင်မှာ
ပါ။
သက်တောင့်သက်သာထိုင်ကာ
စိတ်ထဲမှ တစ်ကနေ လေးအထိ
အမှတ်စဉ်ရေတွက်နေစဉ်အသက်ရှူသွင်း
ပါ။နောက်ထပ်အမှတ်စဉ်လေးအထိ အသက်အောင့်ထားကာအသက်ရှူ
ထုတ်စဉ်မှာလည်း အမှတ်စဉ်လေးအထိ
ထပ်မံရေတွက်ပါ။လုပ်ရတာအဆင်ပြေ
ပြီးသက်တောင့်သက်သာရှိလာပါက အမှတ်
စဉ်ခြောက်အထိ ရေတွက်ကြည့်ပါ။နောက်
ပိုင်းမှာအမှတ်စဉ်ရှစ်အထိ ရေတွက်ကာ
ရှူသွင်း အသက်အောင့် ရှူထုတ်
တစ်မျိုးစီလုပ်လာနိုင်မှာပါ။
Credit>>>>>>>ဒေါက်တာနုမြတ်