LIKE (or) TRUE LIKE
Posted by Ayeyarwaddy tharr on Thursday, November 06, 2014 with No comments
လူ့လောကကြီးထဲကို ရောက်လာဖို့ အနန္တမေတ္တာ ကျေးဇူးရှင် အမေကနေ မွေးဖွား သန့်စင်ပေးလိုက်တဲ့ နေ့။ မွေးနေ့တဲ့။ အမေပြောလို့ သိရတယ်၊ အခြားသူတွေပြောလို့ သိရမယ်။ ကျေးဇူးတင်ပါတယ် အမေ။
ကျွန်တော်ကတော့ အဲ့ဒီ့ နေ့မှာ ဘာတွေဖြစ်ခဲ့တယ် ဆိုတာ တကယ် မမှတ်မိပါဘူး။ နေရစ်ခဲ့တော့ Birthday ရယ်။
အမှန်တကယ်တော့ လောကမှာ အချိန်တွေ ရက်၊ လ၊ နှစ်တွေ ဆိုတာ ဘာမှ မရှိပါဘူး။ အရာအားလုံးဟာ သူ့ အစီအစဉ် အတိုင်း ဖြစ်၊ ပျက် ပြောင်းလဲနေတာပါ။
အသက်ရှင်နေတုန်း ကာလမှာ အကောင်းဆုံး စိတ်သဘောထားတွေနဲ့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေပါတယ်။ အချိန်တိုင်းမှာ အကောင်းဆုံးသော အခြေအနေတွေ ဖြစ်ဖို့အတွက် အစွမ်းကုန် ကြိုးစားနေပါတယ်။ အဲ့ဒါ.. ဘာကြောင့်လဲ ဆိုတော့ နောင်တချိန်မှာ နောင်တတွေ ကင်းချင်လို့။ ဒီအချိန်မှာတော့....ရိုးရိုး....ရှင်းရှင်းလေးပါပဲ၊ ရလဒ်က နည်းနည်းလေးပဲ ဖြစ်နေရင်လည်း ကျေနပ်တယ်။ အဲ့ဒါ....ကိုယ်ကြိုးစားနိုင်ခဲ့သမျှပါ။
ကိုယ့်ဘဝ ကိုယ်ကျေနပ်ပါ။ အခြားသူတွေ Like ဖို့ထက် ကိုယ်တိုင် ရပ်တည်ရှင်သန်၊ ဖန်တီးတည်ဆောက်နေတဲ့ ကိုယ့်ဘဝ၊ ကိုယ်တိုင် Like ဖို့အတွက် အရေးကြီးပါတယ်။ ကိုယ့်ဘဝ ကိုယ် ကျေနပ်ပါ၊ Like ပါ။ မသေခင်မှာ အကောင်းဆုံး စိတ်ထားတွေနဲ့ အကုသိုလ်ကင်းကင်း၊ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး ရှင်သန်နေထိုင်ရမယ်။
မွေးနေ့ ဆိုတာ ပြီးခဲ့ပြီ၊ မရှိတော့ပြီ ဆိုပေမယ့်၊ သေနေ့ ဆိုတာတော့ ရှိလာဦးမယ်။
သေလျှင် ပြီးပြီ။ ဒါပဲပေါ့။
ဲ
.....သို့.....
အမှတ်တရ စာမျက်နှာ
Categories: စာအုပ်စာပေ ( PDF)
0 comments:
Post a Comment