လူတစ်ယောက်ရဲ့ ဘဝသက်တမ်းနှင့် မမျှတအောင် လောကရဲ့ လေ့လာသင်ယူစရာ ပညာရပ်တွေက များပြားလွန်းလှပါတယ်။ Knowledge Sharing ပေးကြရအောင်ပေါ့။ ဒီနေရာမှာ ဆရာ၊ ဟိုနေရာမှာ တပည့် ဖြစ်နေတတ်ပါတယ်။ Solipsism သဘောထားတွေ မရှိသင့်ပါဘူး။ ဆရာရဲ့ အပေါ်မှာ ဆရာ့ ဆရာကြီးတွေ ရှိနေသလို တပည့်ရဲ့ အောက်မှာလည်း တပည့် တပည့်လေးတွေ ရှိနေတတ်ပါတယ်။တစ်ယောက်ကို တစ်ယောက် ချစ်ချစ်ခင်ခင် ကူညီဖေးမခြင်းတွေဖြင့် လောကကျောင်းတော်ကြီးမှာ................. Attending.................. လေ့လာတယ်၊ မှတ်သားတယ်၊ သင်ယူတယ်၊ အလုပ်တွေ ကြိုးစားနေတယ် ဆိုတာ အောင်မြင်တိုးတတ်ချင်လို့ပေါ့။ အောင်မြင်ရေး စာစောင်တွေ စိတ်ဓာတ်ခွန်အား၊ ဘဝ ခွန်အားပေး စာပေတွေ တတ်ကျမ်းတွေ ဘယ်လောက်ပဲ ဖတ်ဖတ် ကိုယ်ပိုင် အတွေးအခေါ် အယူအဆ၊ စိတ်ဓာတ်၊ ယုံကြည်မှူတွေ တိကျသေချာသော Plan တွေ မရှိလျှင်တော့ ကောက်ရိုးမီးလိုပဲ ဖြစ်နေလိမ့်မယ်။