ScreenOffAnimations_ v1.3.apk (Xposed Modules)
Posted by Ayeyarwaddy tharr on Saturday, August 29, 2015 with No comments
MYANMAR (Zawgyi)
ပြီး​နောက်​...
MYANMAR (Unicode)
မင်္ဂလာပါ ခင်​​ဗျာ။ ဖုန်း Screen. ကို Animation ဒီဇိုင်း လှလှ​လေး​တွေနဲ့ အဖွင့်၊ အပိတ် လုပ်ဖို့ အတွက်​ Screen Off Animations ဆိုတဲ့ Xposed Modules Apk ​လေးပါ။ ဒီ App ​လေးကို အသုံးပြုဖို့ အတွက်​ ဖုန်းမှာ Root ရှိရပါမယ်​။ Xposed Modules App တစ်​ခု ဖြစ်​တဲ့ အတွက်​ ဖုန်းမှာ Xposed Installer Appလည်း ရှိပြီးသား ဖြစ်​ရပါမယ်​။ Root ရှိပြီး Xposed Installer မရှိ​သေးတဲ့ သူငယ်​ချင်းတွေ အတွက်​  Xposed Installer နှင့်​Xposed Modules များ ထည့်သွင်း အသုံးပြု နည်း ကို ..ဒီ​နေရာမှာပဲ နှိပ်​ပြီး သွား​ရောက်​​လေ့လာ ​ဒေါင်းယူ လိုက်​ပါ။
Screen Off Animation apk ကို ​ဒေါင်းယူ၊ Install လုပ်​လိုက်​ပါ။ 
ပြီး​နောက်​...
➡Xposed Installer App ကို နှိပ်​ဖွင့်ပါ။
➡Modules ကို ဆက်​နှိပ်​ပါ။
➡Install လုပ်​ထားတဲ့ Screen Off Animation app ကို ​တွေ့ပါလိမ့်မယ်​။ သူ့ရဲ့ ညာဘက်​ အ​ပေါ်နားက ​လေး​ထောင့်ကွက်​​လေးကို နှိပ်​ပြီး အမှန်​ခြစ်​​လေး ထည့်ပေးလိုက်​ပါ။
➡ပြီး​နောက်​ ဖုန်းကို reboot (or) restart လုပ်​​ပေးလိုက်​ပါ။ ပြန်​တတ်​လာတဲ့ အခါ သွားနှိပ်​ဖွင့်ပြီး ပြုပြင်​လို့ရပါပြီ​ဗျာ။
​အောက်​မှာ ပုံ​လေး​တွေနဲ့ ပြထား​ပေးပါတယ်​။ ➡ပထမဆုံး Screen Off ဆိုတဲ့ ​ခေါင်းစဉ်​​အောက်​က Screen Off ဆိုတဲ့ စာ​ကြောင်းကို နှိပ်​ပြီး ON ​ပေးလိုက်​ရပါမယ်​။ 
➡Select Animations ဆိုတဲ့ စာ​ကြောင်းကိုနှိပ်​ပြီး ကိုယ်​ ကြိုက်​နှစ်​သက်​ Animation ပုံစံကို ​ရွှေးချယ်​ အသုံးပြုနိုင်​ပါတယ်​။ 
➡Animation လှူပ်​ရှားမှူ အ​နှေး၊ အမြန်​ကို​တော့ Speed မှာ ​ရွှေ့ပြီး သတ်​မှတ်​ ​ပေးနိုင်​ပါတယ်​။
➡Preview က​တော့ ကိုယ်​ သတ်​မှတ်​ထားတဲ့ Animation ကို ပြန်​ကြည်​့နိုင်​တဲ့ ​နေရာပါပဲ။
​နောက်​ထပ်​ တစ်​မျက်​နှာကို ဆွဲလိုက်​ရင်​ Screen On ဆိုတဲ့ ​ခေါင်းစဉ်​ကို ​တွေရပါလိမ်​့မယ်​။ အဲ့ဒီ အပိုင်းမှာလည်း ​ပြောခဲ့ပြီးတဲ့ ပုံစံအတိုင်းပဲ ကိုယ်​ကြိုက်​နှစ်​သက်​ရာ ​ရွှေးချယ်​​ပေးနိုင်​ပါတယ်​။ 
😃 အဆင်​မ​ပြေတာ​လေးများ ရှိခဲ့ရင်​ မန့်ပေးခဲ့ပါ​ဗျာ။
Link Download